သတင်းများ

မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ လူနာ (၅) ဦး ထပ်မံတွေ့ရှိ
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်သို့ ရပ်ဝေးဒေသမှ ပြန်လည်ရောက်ရှိလာသူများ Quarantine ဝင်ရောက်ပြီး သတ်မှတ်ရက်ပြည့်သူများနှင့် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူတို့အား ကိုဗစ်-၁၉ ပိုး ရှိ / မရှိ (RDT Test Kit )ဖြင့် ယမန်နေ့ ညနေ ၅ နာရီက ပြည်သူ့ဆေးရုံတွင်(၁)ဦး စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိသော်လည်း ကျောက်တန်းတိုက်နယ် ဆေးရုံတွင် စစ်ဆေးသည့် (၅) ဦးတွင် (၁)ဦး ၊ ဆည်တိုတိုက်နယ်ဆေးရုံတွင် စစ်ဆေးသည့် (၃၅) ဦး တွင် (၄)ဦးတို့တွင် ပိုးတွေ့ရှိခဲ့သဖြင့် စစ်ဆေးသူစုစုပေါင်း( ၄၁)ဦးတွင် (၅) ဦး၌ ပိုးတွေ့ခဲ့ကြောင်းသိရသည်။
တွံတေး၌ ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး Sinopharm အား လူဦးရေ ၆၈၄၂ ဦးထိုးနှံပေးနိုင်ခဲ့ ဒုတိယအကြိမ် မကြာမီ ဆက်လက်ထိုးနှံမည်
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် သက်ကြီးအဘိုးအဘွားများနှင့် နိုင်ငံဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား (ပထမအကြိမ်) ကိုဗစ်- ၁၉ ကာကွယ်ဆေး Sinopharm ကို တွံတေးမြို့နယ်အ.ထ.က( ၁)ကျောင်းနှင့်ကျေးရွာ အုပ်စု စုရပ်(၁၃)နေရာတွင် သြဂုတ် ၂ ရက်နေ့မှ ၂၅ရက်နေ့အထိ လူဦးရေစုစုပေါင်း ၆၈၄၂ ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး လျက်ရှိ
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများနှင့် volunteer များအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၁၀)နာရီမှစ၍ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အ.လ.က(၂)ကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေး
Aug 31,2021
လတ်တလောကိုဗစ်-၁၉ ရောဂါတတိယလိုင်း ရမည်းသင်းမြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိမှု မြင့်မားလာသည့်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက အမှတ်(၅) မြို့မအခြေခံ ပညာအထက်တန်း၌ ကိုဗစ်-၁၉ ရောဂါပိုး RDT Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခင်ဦးမြို့နယ်၌ မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ ကို ပညာပေးဆောင်ရွက်လျက်ရှိ
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများက မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနေသော တောင်သူများထံသို့ ပညာပေး ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
နောင်ချိုမြို့နယ်၌ Pilot Project အစီအစဉ်အရ ကိုဗစ်-၁၉ရောဂါ ရှာဖွေစစ်ဆေးခဲ့ရာ၌ တိပိဋက ကမ္ဘောဇကျောင်းတော်မှ သံဃာတော်များ၌ ရောဂါပိုးကင်းစင်လျက်ရှိကြောင်းသိရ
Aug 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ Pilot Project အစီအစဉ်အရ ကျေးရွာများသို့ ကွင်းဆင်းပြီး ကိုဗစ်-၁၉ရောဂါ ရှာဖွေစစ်ဆေးမှုများကို ယမန်နေ့က ဆက်လက်ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၊ နားရှိုးရွာ တိပိဋက ကမ္ဘောဇကျောင်းတော်မှ သံဃာတော်များ၌ ရောဂါပိုးကင်းစင်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်
Aug 31,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး နှိုးဆော်မှုများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယ အကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 31,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီး သူများကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မှတ်(၃)ရပ်ကွက် ၊ သုခိတ ကမ္ဘောဇဗိမ္မာန် ၊ တံတားဦးမြို့နယ် တိုက်နယ်ဆေး ရုံများနှင့် မြို့နယ်အတွင်းရှိ ကျေးလက် ကျန်းမာရေးဦးစီးဌာနတို့တွင် စုရပ်အဖြစ်သတ်မှတ်၍ ကာကွယ်ဆေးများဆက် လက်ထိုးနှံပေးကြောင်း သိရသည် ။