သတင်းများ

သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဩဂုတ် ၃၀ ရက်က ဝမ်ယို့မိုင် ကျေးရွာကျေးလက်ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်း ညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ စဉ်ဆက်မပြတ် အသံချဲ့စက်ဖြင့် လှည့်လည်​ကြေညာ
Aug 31,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ယမန်နေ့ ညနေ၄ နာရီအချိန် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်​ကြေ ညာခဲ့ကြသည်။
ကျိုက်မရောမြို့နယ်၌ အသက်၆၅နှစ်နှင့် အထက်ရှိသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 31,2021
ကျိုက်မရောမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက်ရှိသူ ရဟန်းတော်များနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို သြဂုတ်လ ၂၇ ရက် မှ စတင်၍ ဆေးထိုးစုရပ် အသီးသီး၌ ထိုးနှံပေးလျက်ရှိသည်။
လှိုင်းဘွဲမြို့နယ် ကမော့ကချူးကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်
Aug 31,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများကို ပြည်သူများ သိရှိနိုင်ရန်အတွက် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ကမော့ကချူးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 31,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို မြို့အတွင်းသို့ လှည့်လည်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဘုန်းကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိ
Aug 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့သွားရောက်၍ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း များဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Aug 31,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံ လူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်နှင့်ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက် အတွင်းရှိ ပြည်သူများအား မော်တော်ယာဉ်ဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့် အချက်များ အသိပညာပေး နှိုးဆော်
Aug 31,2021
ဘားအံမြို့နယ်တွင်(၃၀-၈-၂၀၂၁)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ (၁၁၁၉)ဦးအထိ ရှိလာပြီးဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိ လိုက်နာရမည့်အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။