သတင်းများ

ကရင်ပြည်နယ်အစိုးရအဖွဲ့ အောက်ဆီဂျင်စက်ရုံမှ နေ့စဉ် ၄၀ လီတာဆလင်ဒါအိုး ၁၀၀ ကျော်ကို အခမဲ့ဖြန့်ဖြူးပေးလျက်ရှိ
Aug 30,2021
ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် ပြည်နယ်အစိုးရအဖွဲ့၏ အရေးပေါ်ရန်ပုံငွေ၊ အထွေထွေပိုလျှံရန်ပုံငွေတို့မှ ငွေကျပ်သိန်း ၂၂၀၀ (နှစ်ထောင့်နှစ်ရာ) ကျော်ဖြင့် ဝယ်ယူခဲ့သည့် လှာကမြင်(ကွက်သစ်) အောက်ဆီဂျင် စက်ရုံမှ နေ့စဉ် ၄၀ လီတာ ဆလင်ဒါအိုး ၁၀၀ ကျော်ကို အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Aug 30,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဒုတိယ အကြိမ်ထိုးနှံခြင်းအား ယနေ့ နံနက် ၈နာရီအချိန်မှစတင်ကာ အသက် ၆၅နှစ် သက်ကြီး ဘိုးဘွားများအား ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အနော်ရထာခန်းမ တွင် သတ်မှတ်စုရပ် (၇)နေရာတွင် ထိုးနှံပေးလျှက်ရှိကြောင်း ညောင်ဦးမြို့နယ်စီမံ အုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံ၌ ဧည့်မထဆန်တစ်ပြည်(၅၀၀)ကျပ်နှုန်းဖြင့် ပြည်သူများအားရောင်းချပေးလျက်ရှိ
Aug 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန်  ဆန်နှင့်ကြက်ဥများကို  ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၇ နာရီမှာ၁၁နာရီအချိန်ထိ မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်းနှင့်  မြို့နယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကာ  အိုင်သပြုလမ်းဆုံ၌ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအောင်မင်္ဂလာကျောင်းတိုက်မှ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင် ဘဒ္ဒန္တဩဘာသမထေရ်၏ ယာယီနိဗ္ဗာန်စံကျောင်းတင်အခမ်းအနားကျင်းပ
Aug 30,2021
ကချင်ပြည်နယ်၊ မိုးကောင်မြို့နယ် ဆားမှော်ကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်ကြီးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ဦးစီးပဓါနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဇောတိကဓဇ၊ သက်တော်(၇၄) သိက္ခာ(၅၄)ဝါရ၊ နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့ဝင် ဘဒ္ဒန္တဩဘာသ မထေရ်၏ယာယီနိဗ္ဗာန်စံကျောင်းတင်အခမ်းအနားကို ဩဂုတ်လ(၂၉)ရက်မွန်းတည့်(၁၂)နာရီတွင် အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပသည်။
မိုင်းယန်းမြို့နယ်တွင် ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေး
Aug 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု အတွင်းရှိ အသက်(၆၅)နှစ်အထက် ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က မိုင်းလွေကျေးရွာ ဆင်ဖြူတော် ဘုန်းတော်ကြီးကျောင်း၌ ဇူလိုင် ၃၁ ရက်နေ့က ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို ကျေးရွာအရောက်ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 30,2021
 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ တရုတ်နိုင်ငံထုတ် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံခြင်းကို အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့်ဦးစားပေးအဆင့်တွင်ပါဝင်သော ပြည်သူများအား ယနေ့ နံနက်(၉)နာရီအချိန်က ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးသိမ်တော်၊ ယိုးတရုပ်တိုက်နယ်ဆေးရုံနှင့် ကွန်းတောင်ကျန်းမာရေးဌာနတို့တွင် တချိန်တည်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဘိုကလေးမြို့နယ်သို့ အောက်ဆီဂျင်စက် အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီမှ စီစဉ်ဆောင်ရွက်နေ
Aug 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မတည်အလှူရှင်များ၊ အများပြည်သူ၏ စုပေါင်းလှူဒါန်းမှုများဖြင့် မြို့နယ်ကုတင်(၁၀၀) ဆေးရုံအနီးတွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီး အများပြည်သူတို့အတွက် အောက်ဆီဂျင်ထုတ်လုပ် လှူဒါန်းမည်ဖြစ်ရာ ဘိုကလေးမြို့နယ်သို့ အောက်ဆီဂျင်စက် အမြန်ဆုံးရောက်ရှိရေးအတွက် မြို့နယ်အောက်ဆီဂျင်စက် ဖြစ်မြောက်ရေးကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ကျွန်းစုမြို့တွင် စားသောက်ကုန်များနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများ လှူဒါန်း
Aug 30,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပေါ်နေစဉ် ကာလအတွင်း တနင်္သာရီ ရေတပ်စခန်းဌာနချုပ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ စုပေါင်း၍ သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် စားသောက်ကုန်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။