သပိတ်ကျင်း သြဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကျေးရွာများအရောက် ကွင်းဆင်းရှာဖွေ စစ်ဆေးခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျန်းမာရေးဆရာမများမှ စာရင်းရေးသွင်း ခြင်း၊ ကိုအပူချိန်တိုင်းတာခြင်း၊ သွေးပေါင်တိုင်းတာခြင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထား သော စည်းကမ်းချက်များနှင့်အညီ ဇူလိုင်လ (၃၁)ရက်နေ့တွင် ပထမအကြိမ် ထိုးနှံခဲ့သည့် မြို့ပေါ် (၂)ရပ်ကွက်မှ အသက် (၆၅)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ထိုးနှံပေးပြီး မြို့နယ်ကို ဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် တာဝန်ရှိသူများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ်ပြည့်ထိုးနှံပြီးစီးကြောင်း မှတ်တမ်းစာရွက်များကို ပေးအပ်ခဲ့သည်။
သပိတ်ကျင်းမြို့နယ်အတွင်း Covide – 19 Antigen Test Kit ဖြင့် ကျေးရွာများ အရောက် ကွင်းဆင်း ရောဂါစစ်ဆေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ကြီးကြပ်မှုဖြင့် ကျေးလက်ကျန်းမာရေးဌာနများမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ အုံးဇုန်းကျေးရွာအုပ်စု ကွင်း(၃၀)ကျေးရွာ အထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ရာ ကျေးရွာ သူကျေးရွာသား (၂၄၀)ဦး စစ်ဆေးရာ (၄)ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီး အခြားကျေးရွာများမှ ကျေးရွာသူကျေးရွာသား (၁၁၉)ဦး လာရောက်စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး (၁၈)ဦးတွေ့ရှိရာ ဇရပ်ကွင်းတိုက်နယ်ဆေးရုံနှင့် ဝက်သေ Quarantine Centre များသို့ ပို့ဆောင်ကာ ကျန်းမာရေး ကုသစောင့်ရှောက်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း