ရန်ကုန် သြဂုတ် ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် အသက် ၆၅ နှစ်အထက် သက်ကြီးအဘိုးအဘွားများနှင့် နိုင်ငံဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား (ပထမအကြိမ်) ကိုဗစ်- ၁၉ ကာကွယ်ဆေး Sinopharm ကို သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော် ကြီးတွင် သြဂုတ် ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ လူဦးရေစုစုပေါင်း ၁၀၂၉၀ ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ သန်လျင်မြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ မြကြေးမုံနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ အဘိုးအဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား စာရင်းရေးသွင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများအား စနစ် တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)