ပန်းတနော်မြို့၌ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ပန်းတနော် သြဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွား(၂၇၃)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက် ၉ နာရီက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် သြဂုတ်လ ၁ရက်နေ့၌ ပထမအကြိမ်အဖြစ် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခဲ့ပြီး ယမန်နေ့တွင် ဒုတိယအကြိမ်အဖြစ် အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၂၇၃)ဦးတို့အား နံနက် ၉နာရီမှ မွန်းလွဲ ၃နာရီထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ပုံမှန်အခြေအနေရှိမှ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။