သံတွဲ သြဂုတ် ၃၀
သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄နာရီခွဲအချိန်ထိ ဒွါရာဝတီမြို့နယ်ခန်းမ၌ လူမျိုးမရွေး ဘာသာမရွေး ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ထိုးနှံရာတွင် နိုင်ငံ့ဝန်ထမ်း(၁၃)ဦး၊ ဟိုတယ်၊ တည်းခိုခန်း ဝန်ထမ်း (၃၀)ဦး၊ သီလရှင်/ဘုန်းကြီး(၈)ပါး၊ Super Market၊ ဈေးသည် (၁၃၀)ဦး၊ အသက် ၆၅ နှစ်နှင့်အထက် (၈၇) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်လုပ်ငန်း(၂)ဦး စုစုပေါင်း (၂၇၀) ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။
ယခုထိုးနှံပေးလျက်ရှိသောကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော Sino pharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၂)ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့်အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)