စဉ့်ကိုင် သြဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်(၆၅)နှစ် နှင့်အထက် အဘိုးအဘွားများအား (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးပြီး (၂၈)ရက်ပြည့်ပြီးသူများကို ဒုတိယကြိမ်အဖြစ် ယနေ့နံနက် (၉) နာရီခွဲမှ စတင်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် စနစ်တကျဖြစ်စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူနှင့် ကျန်းမာရေး ၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့မရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ရန်အောင်မြင်ရပ်ကွက်၊ ရန်နိုင်ရပ်ကွက်၊ တရုတ်စုရပ်ကွက်နှင့် ပလိပ်ကျေးရပ်အုပ်စု အတွင်းရှိ အသက်(၆၅)နှစ် အထက် အဘိုး၊ အဘွားများအား ကျန်းမာရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဦးစားပေး အုပ်စုအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ကာကွယ်ဆေးအလုံးရေ (၁၆၀၀)အား တစ်လုံးလျှင် တစ်ဦးနှုန်းဖြင့် လူဦးရေ (၁၆၀၀)အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်ပိုင်ပိုင်ကျော်