မိုးညို သြဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဘုရားငူအုပ်စု၊ မိုးသစ္စာကျေးရွာအနီးရှိ မြစ်မခမြစ်သဘာဝရေပြင်အတွင်း မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် (၂)လ သားအရွယ် ငါးသားပေါက်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ် ခဲ့သည်။
မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီအနေဖြင့် ရေရှည်စဉ်ဆက်မပြတ် ငါးရိက္ခာရရှိရေး၊ သဘာဝရေပြင်များအတွင်း ငါးမျိုးများပြန့်ပွားကာ ငါးအထက်နှုန်း တိုးတက်စေရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာဖူလုံစေရေးအတွက် သဘာဝရေပြင်များအတွင်း ငါးမျိုး စိုက်ထည့်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ငါးမျိုးစိုက်ထည့်ရာတွင် မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရေလုပ်သားများစုပေါင်း၍ မိုးသစ္စာကျေးရွာအနီးရှိ မြစ်မခမြစ်သဘာဝ ရေပြင်အတွင်းသို့ ငါးခုံးမကြီးကောင်ရေ(၅၀၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၅၀၀၀၀)၊ ရွှေဝါငါးကြင်း ကောင်ရေ(၅၀၀၀၀)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၁၅၀၀၀၀)တို့အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)