ငပလီ ဩဂုတ် ၃၀
ပြည်သူတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ကတ်ပြားအား နိုင်ငံသားတိုင်း လက်ဝယ် ကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်းတွင် “ပန်းခင်းစီမံချက်”များ ဆောင်ရွက်လျက်ရှိရာ ငပလီမြိုတွင် လည်း ရပ်ကွက်နေ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြုပ်လုပ် ပေးခြင်းကို ဩဂုတ် ၂၈ ရက်နေ့နံနက် (၁၀) နာရီမှ ညနေ (၄:၃၀)အချိန်ထိပြုလုပ်ပေးခြင်းကို ငပလီမြို့၊ ဇီးဖြူကုန်း ရပ်ကွက် အမက(မူလွန်)ကျောင်းတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံကောင်စီ၏ လမ်းညွှန်ချက်များအရ နောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်သည် မြန်မာနိုင်ငံတိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ကိုင်ဆောင်သင့်သည့် ကဒ်ပြား တစ်မျိုးမျိုးရှိရမည် ဖြစ်သည့်အတွက် ငပလီမြို့တွင်လည်း နိုင်ငံရေးစီစစ်ရေးကတ်ပြားပြုလုပ်ရန် လာရောက်သူ(၇၉) အတွက် နိုင်ငံရေးစီစစ်ရေး ကတ်ပြား(၇၉) ကတ်တို့ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ပေးခြင်းနေရာသို့ သံတွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ငပလီ