မိုင်းယောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

မိုင်းယောင်း ဩဂုတ် ၃၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ရှေခင်၊ နမ့်ဆီလင်း၊ တာကြန့်ကျေးရွာနှင့် အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်တို့တွင် ဩဂုတ် ၂၉ ရက်က အိမ်ထောင်စု လူဦးရေစာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး ကြောင်း သိရသည်။

အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး၊ သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်၊ လဲလှယ် ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးမှုများအား မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး၊ လျှော့၊ ပြောင်းဝင်၊ ပြောင်းထွက်ဆောင်ရွက်ပေးခြင်းကို မြို့နယ်ဦးစီးမှူး ဦးမင်းနောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများနှင့် အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်မှ တပ်မတော်သား မိသားစုဝင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)