ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး

ဆိပ်ဖြူ    သြဂုတ် ၃၀

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အသက် ၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။

ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ဆရာတော် သံဃာတော်များ၊ အသက် ၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုးများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းများ၏မိသားစုဝင်များ၊ ပရဟိတ လူမှုကူညီရေးအသင်း အဖွဲ့များမှ သြဂုတ်လ ၁ ရက်နေ့က (ပထမအကြိမ်) စတင်ထိုးနှံမှု ခံယူခဲ့သည့်သူများအား ဦးစားပေး ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးကြပြီး ဆိပ်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

ကိုမျိုး (ယောဧရာ)