မောင်တော ဩဂုတ် ၃၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယ ညွန်ကြားရေးမှူး ဦးဆန်းအောင် ဦးဆောင်ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးစီးသော ပူးပေါင်း အဖွဲ့ သည် ဩဂုတ် ၂၈ ရက်နေ့တွင် ပန်းခင်းစီမံချက်ဖြင့် ငါးခူရကျေးရွာနှင့် ကြိမ်ချောင်း ကျေးရွာများရှိ ပြည်သူများ သို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မောင် တော ခရိုင်/မြို့နယ် ရုံးများရှိ ဝန်ထမ်းများက ငါးခူရကျေးရွာရှိ အ.ထ.က ကျောင်း၌ ကျေးရွာ အုပ်စု(၆)အုပ်စု နှင့် ကြိမ်ချောင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကြိမ်ချောင်းကျေးရွာအနီး ကျေးရွာအုပ်စု(၈)အုပ်စု တို့မှ ပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈) နှစ် ပြည့်ပြီး သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း ၊ ပျောက်ဆုံး/ ပျက်စီး သူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် ကျန်ရှိမှုမရှိစေရေး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မောင်တောမြို့နယ်အတွင်းရှိ လူဦးရေ (၇၉၃)ဦး နှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ လူဦးရေ(၈၅၅)ဦး စုစုပေါင်းလူဦးရေ (၁၆၄၈)ဦးအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်း ဆက်လက်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး