မြစ်ကြီးနား အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

မြစ်ကြီးနား သြဂုတ် ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့တွင် ကျန်းမာရေးဝန်ထမ်းများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြစ်ကြီးနား အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား ၇၄၉ ဦးနှင့် အကျဉ်းသူ ၁၇၉ တို့အား ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးနေမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်လင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် မြစ်ကြီးနားခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

မျိုးမြင့်စိုး