ရွှေကူ ဩဂုတ် ၃၀
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊ သံဃာတော်များ၊ လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံမှုအား ယနေ့နံနက်(၉)နာရီက ရွှေကူမြို့နယ် မြို့တော်ခန်းမတွင် စတင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကြက်ခြေအသင်းအဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုင်းထွန်း လမ်းညွှန်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွားများ၊ သံဃာတော်များ၊ လူမှုရေး အသင်းအဖွဲ့များအား ကျန်းမာရေး စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ပေးပြီးနောက် ကာကွယ်ဆေးအား စနစ်တကျ ပြန်ခွင့်ပြုထားကြောင်း သိရသည်။
ရွှေကူမြို့နယ်အတွင်း ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းအဖြစ် Sinopharm ကာကွယ် ဆေးအလုံးရေ (၁၂ဝဝ) အား သတ်မှတ်ရက်များ အလိုက် ဆက်လက်ထိုးနှံပေးခဲ့ပြီး စုစုပေါင်း လူဦးရေ (၂၄၁၄) ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း အနေဖြင့် ယနေ့တွင် အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွားများ၊ သံဃာတော်များ၊ လူမှုရေး အသင်းအဖွဲ့များအား ကာကွယ်ဆေးအလုံးရေ (၃၀၀) ကို ထိုးပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ် ပြန်/ဆက်