ဖြူး ဩဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရ သေးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက မြို့တော်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer ပရဟိတများ၊ ဘိုးဘွား ရိပ်သာရှိ အဘိုး/အဘွားနှင့် ဝန်ထမ်းများ၊ ဘုန်းကြီးကျောင်း/ သီလရှင်ကျောင်း/ ဘာသာရေး ကျောင်းများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း/ စက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/ မိုတယ်/တည်းခိုခန်း ဝန်ထမ်းများ၊ အကျဉ်းသား/ အချုပ် သားများ၊ မြို့နယ်စ ည်ပင်သာယာရေးဈေးဝန်ထမ်းများနှင့်ဈေးရောင်း ချသူများကို ဇူလိုင်လ(၃၁) ရက်နေ့မှ စတင်ကာ မြို့တော်ခန်းမ(ဖြူးမြို့နယ်)၊ အောင်တော်မူခန်းမ (ကညွတ်ကွင်းမြို့)၊ ဂျေပူအထက (ဇေယျဝတီမြို့)တို့၌ ပထမအကြိမ်အနေဖြင့်(၁၀၃၅၀)ဦးကျော်ကို ထိုးနှံ ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့က ကာကွယ်ဆေးထိုးနှံပေးရာတွင်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါကူးစက်မှု မရှိစေရေး စီစဉ်ဆောင်ရွက်ထားကာ အမည်စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ လိုအပ်သည့်ဆေးစစ်ဆေးမှုများပြုလုပ်ကာ တရုတ်နိုင်ငံမှ ထုတ်လုပ်သော Sinopharm ဆေးအမျိုးအစားကို ထိုးနှံပေးခြင်း ဖြစ်ကြောင်းနှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစောမင်းသူနှင့် အဖွဲ့ဝင်များက လိုအပ်ချက်များအား ဖြည့်ဆည်း ပေးနိုင်ရေး ကြည့်ရှုပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)