မော်လိုက် သြဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်း များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးသွားကြရန်၊ လုပ်ငန်းအတွက် လိုအပ်သည်များ ရှိပါကလည်း အချိန်နှင့်တပြေး ညီတင်ပြကြရန်နှင့် စေတနာ့ဝန်ထမ်းများ အတွက် ကို PPE ဝတ်စုံများ ထောက်ပံ့ပေးသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေစုစုပေါင်း ကျပ်(၄၄၁၄၀၀)ကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်း (၂၂)ဦး တို့အား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး