ကွန်ဟိန်း ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များနှင့် ဦးစာပေးအဆင့်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအား စုရပ်များခွဲ၍ ထိုးနှံပေးလျှက်ရှိရာ ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်မှ စတင်၍ စုရပ် ၃ ခုတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စစ်ဗျူဟာအဖွဲ့အခြေချ(ကွန်ဟိန်း)ဆေးတပ်ဖွဲ့နှင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ နှင့် ဦးစားပေးအဆင့် များတွင်ပါဝင်သော အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ လူမှုရေးအသင်း အဖွဲ့များ၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ အကျဉ်းသားများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ ၊ဟိုတယ်/မိုတယ် နှင့် တည်းခိုခန်းများရှိ ဝန်ထမ်းများ၊ စားသောက်ဆိုင်နှင့် ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ Super Market နှင့် ဈေးများရှိ ဝန်ထမ်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အလက(ခွဲ)မ-၁၊ အ-မ-က(၃) ကျောင်းများ၌ ဆေးထိုးစုရပ်များ ထားရှိ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား ဒုတိယအကြိမ် စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းအား ဩဂုတ်လ ၂၉ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင် ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ Nobel Heart အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)