မိုင်းယောင်း ဩဂုတ် ၃၁
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ ဦးဆောင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒေသခံပြည်သူ ၃၁၄ အား အ.ထ.က (မိုင်းယောင်း)၊ အ.လ.က(တပ်တွင်း)၊ ဝမ်ပုံကျေးရွာနှင့် မြို့မရပ်ကွက် ဘုန်းကြီးကျောင်း စုရပ်များ၌ ဦးစားပေးအစီအစဉ် အုပ်စုများအလိုက် ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့တွင် ဆက်လက်ထိုးနှံပေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် လွယ်ကူအဆင်ပြေစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ စခန်းမှူး ဒုတိယရဲမှူး ရဲဝင်းနိုင်နှင့် ကာကွယ်ဆေးထိုးနှံမှု ကြီးကြပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်နိုင်လင်း၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း