မိုင်းနောင် ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ဒုတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး တတိယရက်ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အထက မိုင်းနောင်ကျောင်းတွင် ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့အသက်(၆၅)နှစ်အထက်ရှိ သက်ကြီးဖိုးဖွားများ၊ ဈေးဆိုင် ဖွင့်လှစ်ရောင်းချသူများ၊ ကာယလုပ်သားများ၊ ဌာနဆိုင်၀န်ထမ်းများနှင့်မိသားစု၀င်များ လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးသူများ၏ ကိုယ်ရေးမှတ်တမ်းများစနစ်တကျ ဖြည့်စွက်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ကာ ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး၀န်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့၀င်များ၊ ရပ်ကျေးစာရေး ၀န်ထမ်းများက လာရောက်ကူညီ ဆောင်ရွက်ပေး၍ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံ ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှတ်တမ်းများကို တစ်ဦးချင်းစီ ပေးအပ်ခဲ့သည်။
မိုင်းနောင် ပြန်/ဆက်