နမ့်စန်(တ) သြဂုတ် ၃၁
ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ် အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ ညနေ ၄နာရီ အချိန်တွင် ရောက်ရှိခဲ့ကြ ကြောင်းသိရသည်။
မော်တော်ယာဉ် ၃ စီးဖြင့် ရောက်ရှိဖြတ်သန်းလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ကျား (၁၄၆) ဦး၊ မ (၈၂) ဦး စုစုပေါင်း(၂၂၈) ဦးကို မြို့နယ်မှ တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ နမ့်စန်မြို့နယ်တွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဆင်းခဲ့ပြီး ကျန်ခရီးသည်များမှာ ညနေ ၄ နာရီ ၁၅ မိနစ်တွင် တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်