ပန်လုံမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ပန်လုံ  စက်တင်ဘာ ၁

 

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ပန်ကောက်ကျေးရွာနှင့် ပန်လုံမြို့ရှိ  အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် အုပ်စုအမျိုးအစားအလိုက်
ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  ယမန်နေ့နံနက် ၉ နာရီမှစ၍ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပါသည်။

 

ရှေးဦးစွာ ပန်ကောက်ကျေးရွာ ဘုရားရှစ်ခိုးကျောင်းတွင် အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အို (၃၇)ဦးအား ထိုးနှံပေးခဲ့ပြီး ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း တွင် အသက်(၆၅)နှစ် အထက်သက်ကြီးရွယ်အိုများနှင့် အုပ်စုအမျိုးအစားအလိုက် ပြည်သူ့(၁၅၇)ဦးအား ထိုးနှံပေးခဲ့ပါသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် တိုင်း/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ကြည့်ရှုအား ပေးပြီး လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)