သတင်းများ

မုံရွာမြို့ ချင်းတွင်းမြစ်ရေတက်နေ၍ ရေကင်းတာဝန်များ ချထားဆောင်ရွက်လျက်ရှိ
Aug 30,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေအမှတ်သည် သြဂုတ်လ ၂၉ ရက်နေ့ နံနက် (၆)အချိန် တိုင်းထွာချက်အရ (၉၆၃)စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်သည့်အပြင် မိုးတွင်းကာလ ချင်းတွင်းမြစ်ရေတက်ချိန် ဖြစ်သဖြင့် ရေဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်  ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်ပါဝင်သောအဖွဲ့အား ယနေ့နံနက်(၉)နာရီမှ စတင်ပြီး ချင်းတွင်းမြစ် တာရိုးတလျှောက် ရေကင်း(၂၄)ကင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများအားကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 30,2021
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများအား ယနေ့နံနက် ၉ နာရီကစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ကျောက်တန်းမြို့ အမှတ်(၁)အခြေပညာအထက်တန်းကျောင်း၊ တံတားမြို့တိုက်နယ်ဆေးရုံ၊ မီးပြကျေးရွာကျေးလက်ကျန်းမာရေးဌာနနှင့် ကမာကလုတ် ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့တွင် အောက်ဆီဂျက်စက်ရုံတည်ဆောက်ရန် ပန္နက်တင်မင်္ဂပြုလုပ်
Aug 30,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် စေတနာရှင် အလှူရှင်များနှင့် မေတ္တာမွန်လူမှုကူညီမှု အသင်းတို့ပူးပေါင်း၍ အမှတ်(၇)ရပ်ကွက်အတွင်းရှိ အောက်ဆီဂျင် စင်ရုံတည်ဆောက်မည့်မြေနေရာ၌ ယနေ့ နံနက် ၉ နာရီကပန္နက်တင်မင်္ဂလာပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး
Aug 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌  မွေးကင်းစအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင်  ​ယနေ့နံနက် ၉ နာရီမှ ၁၂နာရီအချိန်အထိ  ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။ 
ဘားအံမြို့သူ/မြို့သားများ၏ လှူဒါန်းငွေဖြင့် အောက်ဆီဂျင်ထုတ်လုပ်နိုင်တော့မည်
Aug 30,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဘားအံမြို့သူ/မြို့သားများ၏ စုပေါင်းအလှူငွေဖြင့် ဝယ်ယူသည့် အောက်ဆီဂျင်စက်သည် ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ကမ်းသာယာလမ်းရှိ အောက်ဆီဂျင်စက်ထားရှိမည့်နေရာသို့ ဩဂုတ်လ(၂၁) ရက်နေ့တွင် ရောက်ရှိပြီး စက်တင်ဆင်မှု များ ပြုလုပ်၍ စမ်းသပ်လည်ပတ်နေပြီဖြစ်ကြောင်း သိရှိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယနေ့ ဆက်လက် ထိုးနှံပေး
Aug 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျော့ချရန်၊ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း(Volunteer) အဖွဲ့ဝင်များအား ယနေ့ နံနက် ၉ နာရီမှစ၍ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ဒုတိယ အကြိမ်(ဒုတိယနေ့) ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ဒေါပုံမြို့နယ်တွင်အသက်၆၅နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉‌ ‌‌ရောဂါကာကွယ်‌‌‌‌ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 30,2021
ဒေါပုံမြို့နယ်အတွင်း အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ယနေ့နံနက်(၉)နာရီမှ စတင်ကာ ဒေါပုံမြို့နယ်အ.ထ.က(၁)နှင့် အ.လ.က(၄)ကျောင်းတို့တွင် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးကို ဒုတိအကြိမ်ထိုးနှံ ပေးခဲ့‌ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်း
Aug 30,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို ပထမအကြိမ် ဩဂုတ်လ(၂)ရက်နေ့မှ စတင်၍ထိုးနှံပေးခဲ့ရာ ယခု ဒုတိယအကြိမ်ကို ဩဂုတ်လ(၃၀)ရက်နေ့တွင် သတ်မှတ်စုရပ်နေရာများ၌ အစီအစဉ်အလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်အကြောင်း သိရသည်။