ကျွန်းလှ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် Face Shield များ ဖြန့်ဝေ

ကျွန်းလှ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ယမန်နေ့ နံနက်(၇)နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သစ်ရာမြိုင်ဈေးအတွင်း ဈေးရောင်းသူများအား မျက်နှာအကာ(Face Shield)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်အား Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားသည့်အတွက် ဈေးရောင်းသူများ နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ(Face Shield)တွဲဖက် တပ်ဆင်ရမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ ရောင်းချမည်ဖြစ်ကြောင်း၊ ဈေးဝယ်သူများနှင့် ဈေးသို့လာရောက်သူများ ပါးစပ်နှင့် နှာခေါင်းစည်း မပါဘဲ ဈေးသို့ ဝင်ရောက်ခြင်း မပြုကြရန် အသိပေးနှိုးဆော်ပြီး လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေနှင့်အညီ ‌အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးထွန်းလင်းဇော်က ပြောကြားသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ မြို့နယ်စည်ပင်သာယာ အမှုဆောင် အရာရှိ ဦးထွန်းလင်းဇော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဈေးရောင်းသူများအား မျက်နှာအကာ(Face Shield) အခု (၂၀၀)အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)