တောင်ဥက္ကလာပ စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းအချိန်က ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် စားသောက် ကုန်များ အလွယ်တကူဝယ်ယူစားသုံးနိုင်ရေးအတွက် သန့်ရှင်းလတ်ဆက်သော ဆိတ်သား၊အမဲသား၊ ဆန်၊ ဆီ၊ ကြက်ဥများစသည့် အခြေခံ စားသောက်ကုန်များကို မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ အစီအစဉ်ဖြင့် mobile market ဈေးရောင်းကားများဖြင့် အမှတ်(၁၀)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ သုမင်္ဂလာပန်းခြံရှေ့၊ အမှတ်(၁၄)ရပ်ကွက်၊သံသုမာလမ်း၊ ဥက္ကလာပဘုရားရှေ့တို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးခြင်းကို မိဘပြည်သူများသိရှိဝယ်ယူစားသုံးနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ဈေးကားများစနစ်တကျနေရာချထားပေးခြင်း၊ ကိုဗစ်-၁၉ရောဂါမကူးစက်စေရန် တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှ ဝယ်ယူစား သုံးကြရန် နှိုးဆော်အသိပေးခြင်းများနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခင်ဆွေနှင်း