ကမမောင်း၊ စက်တင်ဘာ ၅
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာန ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးဇော်မင်းအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးခင်ဇော် (ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက ယမန်နေ့ ၁၁နာရီခွဲအချိန်တွင် ကမမောင်းမြို့အမှတ် (၄) ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံခန်းမ၌ ကျင်းပပြုလုပ်သော လူမှုရေး ပင်စင်ထောက်ပံခြင်း အခမ်းအနားသို့ တက်ရောက်၍ ဘိုးဘွားများအား ဂါရဝပြုအမှာစကား ပြောကြားခဲ့ပြီး အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွား (၁၇၁)ဦးအတွက် ထောက်ပံ့ငွေ (၅၁၃၀၀၀၀)ကျပ်ကို မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူထံပေးအပ်ခဲ့သည်။
ထို့နောက် ကိုးနဝင်းဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဉူးကုသလအား ဖူးမျှော် ကန်တော့ပြီး လှူဖွယ် ကန်တော့ခြင်းများ၊ ဆန်(၁၀)အိတ်၊ဆီ(၃) ပုံးကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ကိုးနဝင်းဘုန်းတော် ကြီးကျောင်းတွင် ဖွင့်လှစ် သင်ကြားပေး လျက်ရှိသော အခြေခံစက်ချုပ် သင်တန်း၊ အခြေခံသူနာပြု နှင့်ရှေးဦးသူနာပြုစုခြင်းသင်တန်းကို ကြည့်ရှုအား ပေးခဲ့ပြီးသင်တန်း နည်းပြများနှင့်သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေး အပ်ခဲ့ကြောင်း သိရှိရသည်။
လင်းသန့်