ဆိပ်ဖြူ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်း လူမျိုး/ဘာသာမရွေး အသက်(၆၅)နှစ်အထက် အဘိုး ဘွားများ၊ စားသောက်ဆိုင်/ဈေးဆိုင်ရောင်းချသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များစသည့် ဦးတည်အုပ်စု(၁၂)ခုတို့အား သြဂုတ် လ ၂၉ ရက်မှ စက်တင်ဘာလ ၄ရက်ထိ(ဒုတိယ)အကြိမ်အဖြစ် Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးထားသူများကို ဩဂုတ်လ၂၉ရက်မှစ၍ (ဒုတိယ) အကြိမ်အဖြစ် နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ဆေးထိုး စုရပ်(၅)ခုခွဲ၍ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်အေး၏ လမ်းညွှန်မှုအရ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်ထူးမြတ်မှ ဦးဆောင်ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌လည်းကောင်း၊ အောက်ဆိပ်ကျေးရွာ၊ ရွာသာအေးကျေးရွာ၊ ကဇွန်းမကျေးရွာနှင့် လက်ဆည်ကျေးရွာများရှိ သက်ဆိုင်ရာ ကျန်းမာရေးဌာနများတွင် လည်းကောင်း၊ စုရပ်များခွဲ၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့များ၊ ဌာနဆိုင် ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများဖြင့် ပူးပေါင်းပြီး (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိသည်။
ဆိပ်ဖြူမြို့နယ်တွင် သြဂုတ် လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ (ဒုတိယ) အကြိမ်အဖြစ် Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးထားသူ စုစုပေါင်းမှာ (၅၀၇၀) ဦး ထိုးနှံပေးပြီးဖြစ်ပါကြောင်း သိရှိရသည်။
ကိုမျိုး(ယောဧရာ)