ကျောက်တော် စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် လာရောက်ခိုလှုံနေကြသော နေပူခံကျေးရွာမှ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့သစ်ရပ်ကွက် နေပူခံယာယီတိုက်ပွဲရှောင်စခန်း သတ်မှတ်စုရပ်များ၌ ကာကွယ်ဆေးများ စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်၏ စီမံဆောင်ရွက်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သိန်းထွန်းဦး ဦးဆောင်ကာ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တိုက်ပွဲရှောင်စခန်းမှ တာဝန်ခံများ ပူးပေါင်း၍ (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ထိုးနှံခြင်း ဖြစ်ပြီး နေပူခံတိုက်ပွဲရှောင်စခန်းမှ ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အဆိုပါ တိုက်ပွဲရှောင် စခန်းရှိ (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏများအား တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ဆေးလာရောက်ထိုးနှံသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နေပူခံ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူ (၆၇၈)ဦးအား တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း နေပူခံတိုက်ပွဲရှောင် စခန်းတာဝန်ခံ ဦးမောင်အေးစော ထံမှ သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)