ကျိန္တလီမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျိန္တလီ စက်တင်ဘာ ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၆၅)နှစ် အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉နာရီ အချိန်မှ စတင်ကာ မြို့အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံရာတွင် ဒုတိယအကြိမ် ကာကွယ်ဆေးမထိုးရသေသော သဃံာတော်(၁)ပါး ဘဝင်ကျေးရွာအုပ်စုမှ အသက်(၆၅)နှစ်အထက် ပြည်သူ(၂)ဦး ၊ Volunteer (၄)ဦး ၊ အမှတ်(၃)ရပ် ကွက်မှ(၁)ဦး ၊ ကိုင်းခုံ ကျေးရွာအုပ်စုမှ အသက်(၆၅)နှစ်အထက် ပြည်သူ(၁၅)ဦး ၊ ကံ့ကော်တောင် ကျေးရွာအုပ်စုမှ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူ(၁၃)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၂)ဦး၊ ရှောက်ကုန်းကျေးရွာအုပ်စုမှ (၇)ဦး ၊ ရတနာမြိုင်ကျေးရွာအုပ်စုမှ(၂)ဦး ၊ ရေကျော်ကျေးရွာအုပ်စုမှ (၂၄)ဦး ၊ ကျင်းကြီးကျေးရွာအုပ်စု မှ(၁၀)ဦး ၊ ကြွေချိုင်ကျေးရွာအုပ်စုမှ(၁၇)ဦး ၊ စေတီကွင်းကျေးရွာ အုပ်စုမှ(၁)ဦး ၊ ပညာရေးဝန်ထမ်း (၁)ဦး စုစုပေါင်း(၁၀၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဖြိုးဝေလင်း၊ ကျိန္တလီနယ် မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သျှန်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသော ပြည်သူများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်မိုးမင်း