ငပလီ စက်တင်ဘာ ၅
သံတွဲခရိုင်၊ ငပလီမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့်ဦးတည်အုပ်စုပြည်သူများအား ဒုတိယ အကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ် ဆေးများကို ယမန်နေ့က ဇီးဖြူကုန်းရပ်ကွက်၊ အမက(မူလွန်) ကျောင်းတွင် နံနက်(၉)နာရီမှ ညနေ (၄) နာရီအချိန်ထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းများကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံသူများကို အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးတွင်းအောင်ဆီဂျင်များတိုင်းတာ ဆောင်ရွက်ပြီးမှ သတ်မှတ်နေရာများ ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ထိုးနှံပြီးသူများကို သတ်မှတ်နေရာများတွင် မိနစ် (၃၀) ကြာ စောင့်ကြည်ပြီးမှ ပြန်လည်ထွက်ခွါခွင့်ပြုခဲ့ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေထိုးနှံပေးခြင်းကို ငပလီမြို့ရှိ စေတနာ့ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့ဝင်က ကူညီပါဝင် ဆောင်ရွက်ပေးခဲ့ကြပြီး ငပလီမြို့အတွင်းရှိ ဂေါ့ရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ လင်းသာရပ်ကွက်၊ မြပြင် ရပ်ကွက်နှင့် ဂျိတ္တောရပ်ကွက်များမှ ဒုတိယအကြိမ် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၄၇၀) လာရောက်ထိုးနှံလျက်ရှိပြီး လာရောက်ထိုးနှံသူများကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ငြိမ်း