မြန်အောင်မြို့ မကျီးစုတာကြီးတန်း မြစ်ကမ်း‌ဘေးတွင် နေထိုင်ကြသည့် ပြည်သူများအား မြစ်ရေကြီးခြင်း အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် ရေဘေးကယ်ဆယ်ရေး ရှာဖွေကယ်ဆယ်ခြင်း သရုပ်ပြလေ့ကျင့်

မြန်အောင် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတတခရိုင် မြန်‌အောင်မြို့ မကျီးစုတာကြီးတန်း ဧရာဝတီမြစ်ကမ်း‌ဘေးတွင် နေထိုင်ကြသည့် ပြည်သူများအား မြစ်ရေကြီးခြင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်က Speed Boad စက်တပ်ရေယာဉ်ဖြင့် မြစ်ကြောင်းတလျောက် အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေး ရှာဖွေကယ်ဆယ်ခြင်း ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခဲ့ကြောင်း သိရသည်။

အသိပေးနှိုး‌ဆော်ခြင်းနှင့်‌‌ ရေဘေးကယ်ဆယ်ရေး ရှာဖွေကယ်ဆယ်ခြင်း ဇာတ်တိုက်သရုပ်ပြလေ့ကျင့်မှုကို မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သူရိန်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဌေး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် မြန်အောင်မြို့နယ်တွင် စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနေသဖြင့် မြစ်ကမ်းအနီး နေထိုင်သော ပြည်သူများအား မြစ်ရေကြီးခြင်းသတင်းကို အမြဲနားထောင်ရန်နှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဧရာဝတီ မြစ်ကမ်းဘေးရှိ ရပ်ကွက်၊‌ ကျေးရွာ အုပ်စုများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။

ဝင်းဗိုလ်