ပင်လောင်းမြို့နယ် အ.ထ.က(၂)၌ ဦးစားပေးအုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ

ပင်လောင်း စက်တင်ဘာ ၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ဦးစားပေးအုပ်စုတွင်ပါဝင်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကိုစက်တင်ဘာ ၅ ရက် နံနက် ၁၀နာရီက အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၂)ခန်းမဆောင်၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ပထမအကြိမ်အဖြစ် ပင်လောင်းမြို့ အ.ထ.က (၂)တွင်ဇူလိုင် ၃၀ရက် မှသြဂုတ် ၅ ရက်အထိ ဦးစားပေးအုပ်စုတွင်ပါ၀င်သည့်  ပြည်သူစုစုပေါင်း၂၆၅၇ ဦး အားထိုးနှံပေးခဲ့ပြီးဖြစ်ရာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးရာတွင် သြဂုတ်၂၉ ရက်မှ စက်တင်ဘာ၂ ရက်အထိစုစုပေါင်း ၂၅၃၂ ဦးထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသူများကို ယနေ့တွင်ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ပင်လောင်းမြို့နယ်အတွင်း ဆေးထိုးအုပ်စုနေရာများအဖြစ်  ပင်လောင်းမြို့အ.ထ.က(၂)၊ နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်၊ တီကျစ် အ.ထ.က၊ ပင်ခွန်အ.ထ.ကနှင့် ပေါင်းလောင်းတလိုင်းမ အ.ထ.က  စသည့်နေရာများတွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းလင်း(ပင်လောင်း)