ဗန်းမောက်မြို့နယ်တွင် ဒုတိယအကြိမ် ထိုးနှံပေးရမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေး

ဗန်းမောက်  စက်တင်ဘာ ၅

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ဒုတိယအကြိမ် ထိုးနှံပေးရမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် () နာရီအချိန်မှ ညနေ ()နာရီအချိန်အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ မြို့တော်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာ၌ ပထမအကြိမ် ထိုးနှံထားရှိသည့် ဆရာတော်၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက် (၆၅)နှစ်နှင့် အထက်ဘိုးဘွားများ၊ အသက်(၁၈)နှစ်နှင့်အထက်ဒေသခံပြည်သူများ စုစုပေါင်း (၈၁၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာကျော်ကျော်လင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုစာရေးများနှင့် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မေသူဟန် (ဗန်းမောက်)