ကျိုက်လတ်မြို့နယ်၊ တပေတမော့ ကျေးရွာ စပါးခင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

ကျိုက်လတ်  စက်တင်ဘာ  ၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မှမြို့နယ်အတွင်း ငါးသယံဇာများ ရေရှည်စဉ်ဆက်မပြတ် ပေါများစေရန်၊ ငါးမျိုးပြုန်းတီးမှုလျော့ပါးစေ‌ရေး၊ ဒေသနေ ပြည်သူများ ရိက္ခာဖူလုံစေရေးနှင့် ငါးစားသုံးမှုမြင့်မာစေရေး တို့ကိုရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက် (၉) နာရီကတပေတမော့ ကျေးရွာအုပ်စု ရှိစပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ပွဲကို  တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ ငါးမျိုးများ စိုက်ထည့်ရာတွင်ဧရာဝတီတိုင်းဒေသကြီး  ၊ ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကိုကိုလွင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်း‌အောင်၊ မြို့နယ် စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးရဲမင်း၊ အဖွဲ့၀င်ဦးစိန်မြင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိ သူများနှင့်ဒေသခံပြည်သူများမှ တက်ရောက်ခဲ့ကြပြီး ငါးခုံးမကြီးကောင်ရေ တစ်သိန်းငါး သောင်း ကိုစပါးခင်းများအတွင်းသို့  ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည် ။

 

ဌေးဌေးလှိုင်