ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များမှ လှူဒါန်း​သော ဆွမ်းဆန်တော်များကို ဗဟန်းမြို့နယ်ရှိ သံဃာတော်များနှင့် သီလရှင်များအား ဆက်ကပ်လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၅

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဆရာတော်၊ သံဃာတော်များ သီလရှင်များ ဆွမ်း၊ ကွမ်းကိစ္စများ ကြောင့်ကြမှု မရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်လွဲ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ကြားတောရလမ်းရှိ အလုပ်သမား ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

လှူဒါန်းပွဲ အခမ်းအနားသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လူမှုရေးအသင်း အဖွဲ့အစည်းများမှ တာဝန်ရှိသူများ က်ရောက်ခဲ့ကြသည်။

ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နေဆဲ ကာလတွင်း သာသနာ့တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ဆရာတော် သံဃာတော်များ သီလရှင်များ ဆွမ်း၊ကွမ်းကိစ္စများကြောင့်ကြမှု မရှိစေရေးအတွက် မြို့နယ်အတွင်း အမှန်တကယ် လှူဒါန်းထောက်ပံ့ရန် လိုအပ်သော ဆွမ်း၊ ကွမ်း၊ အခက်အခဲရှိသည့် ဘုန်းကြီးကျောင်း()ကျောင်း၊ သီလရှင်ကျောင်း()ကျောင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော်(၂၄)ပြည်ပါ ဆန်အိတ်(၂၀၇)အိတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာ ကျောင်းတိုက်အသီးသီးရှိ ဆရာတော်၊ သီလရှင် ဆရာလေးများထံသို့ ခွဲဝေဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)