ချောင်းဆုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ပြည်သူ(၇၈၇၈)ဦးအား ဒုတိယအကြိမ် အောင်မြင်စွာ ထိုးနှံပြီးစီး

ချောင်းဆုံ     စက်တင်ဘာ   ၇

မော်လမြိုင်ခရိုင်၊  ချောင်းဆုံမြို့နယ်တွင်  အသက် ၆၅နှစ်နှင့်အထက်     သက်ကြီးရွယ်အိုများ နှင့်  ဦးစားပေး အုပ်စုအလိုက်   သတ်မှတ်ထားသည့်  စည်းကမ်းချက်အတိုင်း       ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ဒုတိယအကြိမ်ထိုးနှံပေးမှုကို ဩဂုတ်လ(၂၇)ရက်နေ့ မှစက်တင်ဘာ (၆)ရက်နေ့အထိပြည်သူ (၇၈၇၈)ဦးအား အောင်မြင်စွာထိုးနှံပြီးစီးကြောင်းသိရသည်။

ချောင်းဆုံမြို့နယ်တွင်   ဩဂုတ် (၂၇)ရက်နေ့မှစ၍   ချောင်းဆုံ(အထက)ကျောင်း၊   ရွာလွတ် (အထက) ကျောင်း၊  မုရစ်ကလေး(မူလွန်)ကျောင်း၊   ကညှော်(အထက)ကျောင်းနှင့်  ကလွီ(အထက) ကျောင်းတို့ တွင် ဦးစားပေးအုပ်စုအလိုက်   သတ်မှတ်ထားသည့်  စည်းကမ်းချက်နှင့်အညီ  ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာစက်တင်ဘာ(၆)ရက်နေ့အထိ စုစုပေါင်း(၇၈၇၈)ဦးတို့အား ဒုတိယအကြိမ် ထိုးနှံပေး နိုင်ခဲ့ပြီး ချောင်းဆုံမြို့နယ်အနေဖြင့် ဒုတိယအကြိမ် (Sinopharm)ဆေး ၁ လုံးလျှင် (၅)ဦး၊ ထိုးဆေးအလုံးရေ (၁၁၂၃)လုံးနှင့်    ဆေး ၁ လုံးလျှင် ၁   ဦးထိုးဆေးအလုံးရေ (၃၅၁၅)လုံးရရှိခဲ့ပြီး၊ ဆေးထိုးဦးရေမှာ (၇၈၇၈)ဦးသာ  အောင်မြင်စွာထိုးနှံပေးနိုင်ခဲ့သည့်အတွက် (Sinopharm) ဆေး ၁ လုံးလျှင်(၅) ဦးထိုးဆေးအလုံးရေ(၁၃၂)လုံးနှင့် ဆေး ၁ လုံးလျှင်၁ဦးထိုးဆေးထိုးအလုံးရေ(၅၉၆)လုံး  ကျန်ရှိနေကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။


ချောင်းဆုံ(ပြန်/ဆက်)