မေတ္တာမြို့တွင် (၆၅)နှစ် နှင့်အထက်ဘိုးဘွားများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မေတ္တာ စက်တာင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊မေတ္တာမြို့တွင် စက်တင်ဘာလ (၇)ရက်နေ့ နံနက်၉နာရီအချိန်က အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့်ဦး စားပေးအဆင့်အလိုက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မေတ္တာမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ထားဝယ်မြို့နယ် ကျေးလက်ကျန်းမာရေး ဌာနရှိဝန်ထမ်းများက အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအဆင့် များတွင်ပါဝင်သော အစိုးရ/ ဝန်ထမ်းများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ ၊ သံဃာတော်များ ၊ သီလရှင်များ၊နိုင်ငံ့ဝန်ထမ်းမိသားစုများ ၊နိုင်ငံ့ဝန်ထမ်း များအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)   စနစ်တကျထိုးနှံပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မေတ္တာမြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှလက်ထောက်ဦးစီးမှူးဦးသူရကျော်နှင့်တပ်ဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များ၊ လူမှုကူညီရေးအသင်းမှ တာဝန်ရှိ သူများ က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

မေတ္တာ( ပြန်/ဆက်)