လားရှိုးမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ၅၆၇၅ ဦးရှိပြီဖြစ်

လားရှိုး     စက်တင်ဘာ   ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီး ကုတင်(၅၀၀)၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၇)၊ ရွှေကြယ်ခန်းမတို့တွင် ဦးစားပေးအဆင့် အလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်း သံဃာတော်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စျေးရောင်းချနေသူများ၊ ဟိုတယ်/မိုတယ် ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများဆောင်ရွက်ဆေနသူများ စသဖြင့် ဦးစားပေးအဆင့် အလိုက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကာ စက်တင်ဘာလ(၆)ရက်နေ့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးသူ ၅၆၇၅  ဦးရှိကြောင်း၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၂၇၀၆)ဦး၊ ဆေးရုံဆင်သူ(၂၃၂၉)ဦး၊ ဆေးရုံတက်ရောက်သူ(၂၂၃)ဦးရှိကြောင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ သိရသည်။

ဥမ္မာချို