ပုလော စက်တင်ဘာ ၇
ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီက ပုလောမြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပြုရာတွင် အောက်ဆီဂျင် လုံလောက်စွာရရှိနိုင်ရေး အတွက် အသုံးပြုနိုင်ရန် လီတာ ၄၀ ၀င် အောက်ဆီဂျင် အိုး အလုံး(၁၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းမှုသည် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ပုလော မြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုရန် လီတာ ၄၀ ၀င် အောက်ဆီဂျင်အိုး အလုံး (၈၀) နှင့် Flow Meter အခု(၅၀)၊ ပုလောမြို့ တိုက်နယ် ဆေးရုံအတွက် လီတာ ၄၀ ၀င် အောက်ဆီဂျင်အိုး အလုံး(၂၀)ကို ထောက်ပံ့ လှူဒါန်းခြင်း ဖြစ်ကြောင်း ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မှ သိရသည်။
ယခင်က ပုလောမြို့နယ် ပြည်သူ့ဆေးရုံတွင် လီတာ ၄၀ ၀င်အိုး အလုံး(၈၀) ရှိပြီး၊ ယခု တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းမှုဖြင့် အလုံး(၄၀) ရရှိကာ စုစုပေါင်း အလုံး (၈၀) ရှိနေပြီးကြောင်း မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာပြုံးချိုထံမှ သိရသည်။
အေးအေးမော် (ပုလော )