လှိုင်းဘွဲမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို လူဦးရေ(၄၇၆၇)ဦး ထိုးနှံပြီးစီး

လှိုင်းဘွဲ       စက်တင်ဘာ  ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်နိုင်ငံ့ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့က ထိုးနှံပြီးစီးပြီးဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းနှင့် သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်/ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ဩဂုတ်(၂၉)ရက် နေ့မှ စတင်၍  ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ရာ စက်တင်ဘာလ(၆)ရက်နေ့အထိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁၇၄)ဦး၊ အစိုးရ/ပုဂ္ဂလိက ဝန်ထမ်း(၁၅၃)ဦး၊Volunteer/ ပရဟိတ (၁၁၄၃)ဦး၊ ရဟန်းသံဃာ/သီလရှင်/ဘာသာရေး (၂၅၉)ဦး၊ နိုင်ငံ့ဝန်ထမ်း(၉၀၉)ဦး၊ ပုဂ္ဂလိဘဏ် ဝန်ထမ်း (၂)ဦး၊ စက်ရုံ/အလုပ်ရုံဝန်ထမ်း(၂၃)ဦး၊ ပို့ဆောင်ရေးလုပ်ငန်း (၃၅)ဦးနှင့် ဈေးသည်(၁၀၆၉)ဦး စုစုပေါင်း (၄၇၆၇) ဦးကို ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ထိုးနှံဖို့ ကျန်ရှိနေသူများအား စက်တင်ဘာလ(၂၀) ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြန်လည်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)