ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် လူဦးရေ(၂၆၂၃) ဦးထိုးနှံပြီး

ခင်ဦး  စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသော အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ မြို့လယ်ဓမ္မာရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

ခင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်တွင်  မြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးခဲ့ရာ လူဦးရေ (၄၉၉၉) ဦးကို အောင်မြင်စွာ ထိုးနှံပေးခဲ့ပြီး စက်တင်ဘာလ ၆ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)  ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူ လူဦးရေ စုစုပေါင်း (၂၆၂၃) ဦးရှိပြီး ဆေးထိုးရန်ကျန်ရှိသူများကို သတ်မှတ်ရက်အတိုင်း ဆက်လက်ထိုးနှံလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံက သိရသည်။

 

စိုးဝေအောင်(ခင်ဦး)