သတင်းများ

ဟိုပုံးမြို့ တုံခမ်းဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test-kit ဖြင့် အခမဲ့စစ်ဆေးပေး
Sep 09,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် တုံခမ်းဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test-kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့မွန်းလွှဲ (၁)နာရီခွဲအချိန်က ဆောင်ရွက်ပေးခဲ့ကြသည်။
မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား (Sinopharm) ကာကွယ်ဆေး ဆက်လက် ထိုးနှံ
Sep 09,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများ သို့လာရောက်ခိုလှုံရန် ရောက်နေကြသော အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆေး ပထမ အကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက သတ်မှတ်စုရပ်(၂)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးလျက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သိရှိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ဝန်ထမ်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား နေပြည်တော်ကောင်စီမှ ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
Sep 09,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံသည့်လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက်(၁၀) နာရီက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမတွင်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိုင်းဆတ်မြို့၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Sep 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်လမ်းဦးစီး ဌာန၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၁၁)နာရီက သဗ္ဗညုဘုန်းတော်ကြီးကျောင်း တွင်ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေး
Sep 09,2021
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြိတ်မြို့တွင် ပြည်သူများ  စားသုံးမှု ဖူလုံစေရေးအတွက် စိုက်ပျိုး မွေးမြူထုတ် လုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပေါက်တောမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ ၁၂၄၈ သိန်း ထုတ်ချေးပေး
Sep 09,2021
သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ ခုနှစ် ဒုတိယနှစ်မြောက် ကျေးရွာမတည်ရန်ပုံငွစီမံကိန်း ကျေးရွာ ငါး ရွာ အား ယနေ့ နံနက် ၉ နာရီက နေ့ချင်းဆပ် နေ့ချင်းထုတ်ပေးသည့်စနစ်ဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီ ပြည်လည် ထုတ်ချေးပေးကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၈၅၉)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Sep 09,2021
မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  တောင်သာမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တောင်သာမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တောင်သာ မြို့နယ်အတွင်းရှိ  အသက်(၈၅)နှစ် အထက်သက်ကြီးဘိုးဘွား(၁၈၅၉)ဦးအား  လူမှုရေပင်စင်ထောက်ပံ့ငွေများကို  ယနေ့ နံနက်(၉)နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ရိုးသစ်သားတံတား(ဟောင်း) ရေစီး နောက် မျောပါ ပျက်စီး
Sep 09,2021
တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဝဲဒေါင့်ကျေးရွာအုပ်စုနှင့် တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ အုပ်စုကြား ခပေါင်းချောင်းပေါ်တွင် ဆောက်လုပ်ထားသောနောင်ရိုး သစ်သားတံတားအရှည် ၃၆၄ပေ (၂၈'၊၁၃ခန်း)ရှိ သစ်သားတံတားသည် ၁၉၉၅ခုနှစ်ကတည်းက ကိုယ်ထူကိုယ် ထဆောင်ရွက်ထားသော သစ်သားတံတားဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ည ၈ နာရီခွဲ အချိန်တွင် ချောင်းရေစတင်တက်လာပြီး ည(၁၂) နာရီခွဲ အချိန်ခန့်က ရေလည်ခန်းဖွင့် (၅)ခန်းရေစီး နောက်သို့ မျောပါသွားကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။