ဟိုပုံး စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် တုံခမ်းဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test-kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့မွန်းလွှဲ (၁)နာရီခွဲအချိန်က ဆောင်ရွက်ပေးခဲ့ကြသည်။
သံဃာတော်အရေအတွက် အများအပြားရှိနေပြီး ရောဂါကူးစက်ပြန့်ပွားချေရှိသည့် စာသင်တိုက်/ကျောင်း တိုက်များတွင်(၉-၉-၂၀၂၁)ရက်နေ့မှစတင်၍ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး ပေးသွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်၍ ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ရဟန်း(၁၄)ပါး၊ သာမဏေ(၈၅)ပါး၊ သီလရှင်(၂) ပါးနှင့် ဝေယျာဝစ္စဆောင်ရွက်သူ(၃)ဦး စုစုပေါင်း(၁၀၄)ဦးတို့အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test-kit ဖြင့် စစ်ဆေးဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါပို့းမတွေ့ရှိကြောင်းသိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)