မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား (Sinopharm) ကာကွယ်ဆေး ဆက်လက် ထိုးနှံ

 

မြောက်ဦး စက်တင်ဘာ  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများ သို့လာရောက်ခိုလှုံရန် ရောက်နေကြသော အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆေး ပထမ အကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက သတ်မှတ်စုရပ်(၂)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးလျက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သိရှိရသည်။

ထိုသို့ (Sinopharm)ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် တိုက်ပွဲရှောင်စခန်းရှိ အသက် (၁၈)နှစ် အထက် ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်သန်းဦးဆောင်သော မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် တိုက်ပွဲရှောင်စခန်းမှစခန်းတာဝန်ခံများပူးပေါင်း၍ (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ (Sinopharm) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံရာတွင် မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သော သျှစ်သောင်း တိုက်ပွဲရှောင်စခန်းနှင့် မြို့သစ် တိုက်ပွဲရှောင် စခန်းများရှိ အသက် (၁၈)နှစ် အထက်ပြည်သူများ အား  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာလမ်းညွှန်ချက်များ နှင့်အညီ  ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏများအား တိုင်း တာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးများဆက် လက် ထိုးနှံ ပေးခြင်းဖြစ်ရာ ကာကွယ်ဆေးဆက်လက်ထိုးနှံပြီးသူများ မိနစ်(၃၀)ခန့် စောင့်ကြည့် ပြီးမှ ဆေးလာရောက်ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းအထိ မြောက်ဦးမြို့ပေါ်ရပ်ကွက် များရှိ တိုက်ပွဲ ရှောင်စခန်း(၂)ခုမှ အသက်(၁၈)နှစ်အထက်ပြည်သူစုစုပေါင်း(၃၆၇)ဦးအား (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)