မိုးညှင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 10,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ သံဃာတော်/သီလရှင်များ၊ အသက်(၆၅)နှစ်နှင့် အထက်အသက်ကြီးသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်မိုတယ်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဈေးသူဈေးသားများအား ယမန်နေ့ နံနက်(၉)နာရီမှစတင်ကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။