သတင်းများ

လာအိုနိုင်ငံပြန် ကတ်ဖွီးကျေးရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထံတွင် အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိ
Sep 08,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ ယနေ့နေ့လည်ပိုင်းက Quarantine Center တွင် ဝင်ရောက်နေသော ကတ်ဖွီး ကျေးရွာနေ ကိုယ်ဝန်ကိုးလ လွယ်ထားသူ အမျိုးသမီးတစ်ဦးထံတွင် အတည်ပြုလူနာအဖြစ် ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။
မရမ်းကုန်းမြို့နယ်၌ ပန်းခင်းစီမံချက် ပိုမို​ဆောင်ရွက်နိုင်​ရေး လုပ်ငန်းအစည်းအ​​ဝေးကျင်းပခြင်းနှင့် အများပြည်သူများ ကျယ်ပြန့်စွာသိရှိနိုင်​ရေး ဗီနိုင်းများ ​ပေးအပ်ခြင်း​အခမ်းအနား ကျင်းပ
Sep 08,2021
“လူမှုဘ၀ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့”​​ ဆောင်ပုဒ်နှင့်အညီ​ဆောင်ရွက်နိုင်​ရေးအတွက် ယ​နေ့နံနက် ၁၀ နာရီက ရန်ကုန်အ​နောက်ပိုင်း ခရိုင်၊ မရမ်းကုန်းမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေး ခန်းမ၌ ပန်းခင်းစီမံချက်ပိုမို​ဆောင်ရွက်နိုင်​ရေး လုပ်ငန်းအစည်းအ​​ဝေးနှင့် အများပြည်သူများ ကျယ်ပြန့်စွာ သိရှိနိုင်​ရေးဗီနိုင်းများ​ပေးအပ်ခြင်း​ အခမ်းအနား ကျင်းပခဲ့သည်။
ရေမြစ်ကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့အတွက် ဆန်၊ ကြက်သွန်နီ၊ ဆီများ လှူဒါန်း
Sep 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ရေမြစ်ကြီးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာအချို့ရှိ ဘုန်းကြီး ကျောင်းများနှင့် ဒေသခံပြည်သူများအား အိမ်ထောင်စုအလိုက် ဆန်၊ ဆီ၊ ကြက်သွန်နီများကို ပြည့်ဖြိုးထွန်း ကုမ္ပဏီ လီမိတက် ကျားကြီးအော် ပုဇွန်မွေးမြူရေး စီမံကိန်းက ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ရွှေတောင်ဦး တိပိဋကဓမ္မပါရ မဟာဝိဟာရကျောင်းနှင့် ရွှေတောင်ဦးလယ်တီ ဝိပဿနာဓမ္မရိပ်သာကျောင်းတို့အား ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်း
Sep 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋကဓမ္မပါရ မဟာဝိဟာရကျောင်းနှင့် ရွှေတောင်ဦးလယ်တီဝိပဿနာ ဓမ္မရိပ်သာကျောင်းတို့အား သီတင်းသုံးတော် မူကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ (၇)ရက်၊ နံနက်ပိုင်းတွင် ရွှေတောင်ဦးတိပိဋက ဓမ္မပါရမဟာဝိဟာရကျောင်းတိုက်ရှိ ဝိနယဓမ္မာရုံတော်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လားရှိုးမြို့တွင် ‘လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့’ ပန်းခင်းစီမံချက်ဆိုင်းဘုတ်စိုက်ထူ
Sep 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ‘လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့’ ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က လားရှိုးမြို့၊ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည်။
ရွှေကူမြို့တွင်   မိုးစပါး ဆင်းဧကရီ -၃( RS to CS) မျိုးသန့်ထုတ် စံပြစိုက်ခင်း၌ မြေသြဇာကျွေး ပညာပေး ကွင်းသရုပ်ပြပွဲနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များထောက်ပံ့ပေးအပ်
Sep 08,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ဘက်စုံအဆင့်မြှင့်နည်းပညာသုံးစံပြကျေးရွာ မိုးစပါးဆင်းဧကရီ-၃( RS to CS) မျိုးသန့်ထုတ် စံပြစိုက်ခင်း၌ ဓာတ်မြေသြဇာကို အကျိုးရှိစွာ သုံးစွဲရေး ပညာပေး ကွင်းသရုပ်ပြပွဲနှင့်  ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်မှုလျာ့ကျပြီး ဟင်းသီးဟင်းရွက်စားသုံးမှု ထိခိုက်မှု မရှိစေရန် ရည်ရွယ်၍  ဟင်းသီးဟင်း ရွက်မျိုးစေ့ထုတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မံဝိန်းကျေးရွာ ကွင်းအမှတ်(၂၈-က) ဦးပိုင်(၃၄)တောင်သူ  ဦးစိန်လွင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် “ပန်းခင်း’’ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေး
Sep 08,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် နိုင်ငံသားအရည်အချင်း ပြည်မီသူတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးရရှိနိုင်ရေး ရည်ရွယ်၍ “ပန်းခင်း’’ စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီကစ၍ ဆင်ကုန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ
တာမွေမြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများနှင့် စျေးဝယ်စင်တာများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိ
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန်နှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံများနှင့် စျေးဝယ် စင်တာများမှ ဝန်ထမ်းများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။