သတင်းများ

ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ ယနေ့အထိ (၅၃၂၁) ဦး ရှိပြီဖြစ်
Sep 09,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက်  ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ ၅၃၂၁  ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။  
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး
Sep 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် အသက် ၆၅ နှစ်နှင့်အထက်ဘိုးဘွားများ၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက် ရှိရာ ယနေ့ ၁၁၀ ဦးအား ထိုးနှံပေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် လူဦးရေ(၃၀၀၀) ကျော် ထိုးနှံပြီး၍ ကျန်ရှိသူများ ကို ဆက်လက်ထိုးနှံပေး
Sep 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသော အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီမှ နေ့ ၂ နာရီထိ မြို့လယ်ဓမ္မာရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုကိုးကျွန်းမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးခြင်းများ ဖြစ်ပေါ်
Sep 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် ရေကြီးရေလျှံမူများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်တွင် ဈေးဆိုင်ရောင်းသူများ၊ အနှေးယာဉ်လုပ်သားများနှင့် မော်တော်ယာဉ်မောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်  မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဈေးရောင်း ချသူများ၊ အနှေးယာဉ်လုပ်သားများ၊ မော်တော်ယာဉ်မောင်းနှင်သူများကို စက်တင်ဘာလ ၇ ရက် နေ့မှ စ၍ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Sinopharm)  ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်
ထေရဝါဒဗုဒ္ဓသာသနာပြုဘုန်းတော်ကြီးကျောင်းတိုက်သို့ ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်နီ၊ ကြာဆံနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်း
Sep 09,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုနှင့် ဝါတွင်းကာလအတွင်း သီတင်းသုံးတော်မူကြကုန်သော သံဃာတော်များ ဆွမ်း၊ ကွမ်းများ အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်နီ၊ ကြာဆံနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအကြိမ်ထိုးနှံ
Sep 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသော ပြည်သူများကို စက်တင်ဘာလ (၂)ရက်နေ့မှစတင်ကာ ဆေးထိုးရန် သတ်မှတ်နေရာများတွင်ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Sep 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသား အရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ညောင်ကောက်ကွေး ကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းထူးနှင့် ဝန်ထမ်းများက  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။