တောင်သာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၈၅၉)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

တောင်သာ စက်တင်ဘာ ၉

 

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  တောင်သာမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တောင်သာမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တောင်သာ မြို့နယ်အတွင်းရှိ  အသက်(၈၅)နှစ် အထက်သက်ကြီးဘိုးဘွား(၁၈၅၉)ဦးအား  လူမှုရေပင်စင်ထောက်ပံ့ငွေများကို  ယနေ့ နံနက်(၉)နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချ ထားရေးဝန်ကြီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် တစ်လလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့်( ဧပြီ၊ မေ၊ ဇွန် )သုံးလ အတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

 

ဆက်လက်၍ တောင်သာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၈၅၉)ဦးမှာ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာ(၇၇)အုပ်စုတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေ (၅၅၇၇၀၀၀၀)ကျပ် (သိန်းငါးရာငါးဆယ့် ခုနှစ်သိန်းခုနှစ်သောင်း)ကျပ်တို့အား ဆက်လက် ထောက်ပံ့ ပေးနိုင်ရေး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊စာရေးများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်းသိရ သည်။

 

 ကျော်မျိုးနိုင်(တောင်သာ)