သီပေါ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၁ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကပြသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးခြင်း၏နောက်ခံသမိုင်း၊ လူကုန်ကူးမှုပုံစံများ၊ မြန်မာနိုင်ငံ တွင်ဖြစ်ပေါ်နေသောလူကုန်ကူးမှုပုံစံများ၊ ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်မှုအခြေအနေများ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့်ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လူကုန်ကူးမှုဖြစ်ပွားရခြင်း၏အဓိက အကြောင်း အရင်းများ၊ လူကုန်ကူးမှုခံရပါက အရေးပေါ် အကူအညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်နှင့် လိပ်စာများ ၊ လူကုန်ကူးမှုနှင့် ပတ်သက်သော ရုပ်ပုံကာတွန်းများ စသည့်အကြောင်းအရာများကို ပြသဆောင်ရွက် ပေးထားသည်။
အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ရာတွင်ပြည်သူများ သိသင့်သိထိုက်သော အသိပညာပေးအကြောင်းအရာများအပြင် ဒေသအတွင်းဖြစ်ပေါ်လျက်ရှိသော သတင်းများ ကိုလည်း ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ခင်လေး (သီပေါ၊ ပြန်/ဆက်)