ညောင်ဦး စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ကျား ၉၃ ဦး၊ မ ၉၂ ဦးကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆေးရုံဆင်းခွင့် ပြုခဲ့ကြာင်း ညောင်ဦးခရိုင်၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းထံက သိရသည်။
ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိ၍ တက်ရောက်ဆေး ကုသမှု ခံယူနေသော ညောင်ဦးမြို့နယ်မှ ၁၈၅ ဦးအား ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆေးရုံဆင်းခွင့်ပြုရာ၌ ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်တို့က အားပးစကားပြောကြားပြီး ကြက်ဥ၊ Mask ဘူးနှင့် အချိုရည်ကတ်များ လက်ဆောင်ပေးအပ်သည်။ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရရှိသူ ၁၈၅ ဦးအား မိမိတို့အိမ် ပြန်လည် ရောက်ရှိသည့်အခါ Home Quarantine (၇) ရက် နေထိုင်ရမည်ဖြစ်ကာ မိမိတို့အသုံးအဆောင်များ တပါးသူမသုံးစေပဲ သီးသန့် နေထိုင်သုံးစေရေး တို့အားဒေါက်တာ အောင်မြင့်ထွန်းက ဆက်လက်မှာကြားသည်။
ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ဆေးကု သမှု ခံယူနေသူ ၂၉ ဦးရှိနေသေးပြီး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ကျား ၅၀ ဦး၊မ ၆၁ဦးနှင့် ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ ၁၈၅ ဦးရှိကာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၃၅ ဦးရှိကြောင်း သိရသည်။
ကိုထိန်၊KPD